Oldenburg International Film Festival ပွဲတော်မှ Seymour Cassel Award For Best Performance ဆုအားWhat Happened To The Wolfရုပ်ရှင်မှအိန္ဒြာကျော်ဇင်က ဆွတ်ခူးခဲ့ပါတယ်။Advisory Board Jury Member And Award Winning Actress၊Deborah Kara Unger Crash၊The Gameကယခုလိုကြေငြာ ချီးမြှင့်ခဲ့ပါတယ်။

သရုပ်ဆောင်ဆိုတာ တန်ပြန်သရုပ်ဆောင်ခြင်းပါပဲ ၊ ဒါကြောင့်ဒီပိတ်ကားပေါ်ကနှစ်ယောက်ရဲ့Performances ကိုခွဲခြားဖို့ မဖြစ်နိုင်လောက်တဲ့ထိပါပဲ၊ဒီအဓိကသရုပ်ဆာင်နှစ်ယောက်ဟာ ကျွန်မတို့ ၊ ကြည့်ရှုသူပရိသတ် ၊ ကိုရှုပ်ထွေးဆန်းပြားလှတဲ့ဘဝ ရဲ့ ဖြစ်တည်ခြင်းဆီကို ခရီးတစ်ခုအဖြစ်ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ဏကြီးရဲ့What Happened To The Wolf ပါဝင်တဲ့အဓိက သရုပ်ဆောင်နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံမှ အကယ်ဒမီဆုရှင်တွေဖြစ်ပြီးကျွန်မတို့၊ကြည့်ရှုသူပရိတ် ၊ ကိုမှင်သက်ငေးမော ၊ အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်၊နှစ်ယောက်၊ကံကြမ္မာကတစ်ခုတည်း။

တစ်ယောက်က မထီတရီ ၊ တစ်ယောက်ကရှေးဆန်းဆန်း နဲ့ ချည်းကပ်ကြရာမှာပါးနပ်မှု ၊ ရိုးရှင်းမှု ၊ အနုပညာစံပြည့်ဝမှုတို့နဲ့ သရုပ်ဆောင်ထားပြီးအခြားလူတွေကိုပါသူတို့ရဲ့လွတ်လပ်မှုအရသာကို ခံစားစေနိုင်စွမ်းပေးခဲ့ပါတယ်။ကျမတို့ဟာ ဒီသရုပ်ဆောင် ရဲ့ ရိုးရှင်းလှပမှု ၊ ပင်ကိုယ်စိတ်ထား၊တန်ဖိုးဖြတ်မရတဲ့ရုပ်ရှင်လောကအတွက်သူမရဲ့ပါရမီကိုအသိအမှတ်ပြုတဲ့အနေနဲ့2021 Seymour Cassel Award For Outsanding Performance ဆုကို ဏကြီးရဲ့What Happened To The Wolfရုပ်ရှင်မှ အိန္ဒြာကျော်ဇင် အားချီးမြှင့်လိုက်ပါတယ်။

Credit……

ZAWGYI




Credit……