



UNICODE

ဖိလစ်ပိုင် မော်ဒယ်လ် Sinon ကတော့ မြန်မာနိုင်ငံ ရဲ့ ရိုးရာဓလေ့ နဲ့ ယဉ်ကျေး မှုကို နှစ်သက်သူ တစ်ယောက်ဖြစ်တဲ့ အပြင် မြန်မာနိုင်ငံက များစွာသောပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာ ရယူထားနိုင်တဲ့ အနုပညာရှင် တစ်ယောပ်ပဲဖြစ်ပါတယ်။ ထူးခြားတဲ့ အမိုက်စား ဖက်ရှင်လေးတွေ ကို ဝတ်ဆင်လေ့ရှိတဲ့ Sinon ကတော့ ​ စိတ်သဘော ထားပြည့်ဝသူ တစ်ယောက်ဖြစ်ပြီး အကူအညီ လိုအပ်နေသူတွေ ကို မကြာခဏ လှူဒါန်းပေးလေ့ ရှိနေကာ ပရိသတ်တွေချစ်ခင် ရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ကြော်ငြာ တွေကိုလည်း ရိုက်ကူး လျက်ရှိနေတဲ့အပြင် အနုပညာ အလုပ် တွေကို လုပ်ကိုင်နေတဲ့ Sinon ကတော့ မြန်မာနိုင်ငံ မှာ နေထိုင်လျက် ရှိနေခဲ့တာပဲ ဖြစ်ပြီး အလှူအတန်း တွေကိုလည်း သူရှာဖွေထားတဲ့ ငွေကြေးလေး နဲ့ လှူဒါန်းလေ့ ရှိနေတာပဲဖြစ်ပါတယ်။ Sinon ကတော့ ယခုမှာ မိချို နဲ့ အတူ ဒေါက်ဖိနပ်အမြင့်ကြီးတွေစီးပြီး အမိုက်စားပို့စ် တွေပေးရင်း အထာကျကျ ဓာတ်ဖမ်းနေခဲ့ပါတယ်။ Sinom နဲ့ မိ ချိုတို့ကတော့ ဟာသ ဗီ ဒီယိုအသစ်လေးကို အတူတကွရိုက်ကူးလျက် ရှိနေခဲ့တာပဲဖြစ်ပါတယ်။

Sinon ကတော့ ” ချစ်တို့ရေ တို့နှစ်ယောက် ရဲ့ ဟာသ Video လေးကို ကြည့်ကြဖို့ Ready ပဲလား “ဆိုပြီး အမိုက်စား ပို့စ်လေးတွေ ပေးနေတဲ့ ပုံရိပ်လေး တွေနဲ့လူမှုကွန်ယက် စာမျက်နှာထက် မှာ ရေးသား ထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် ဖိလစ်ပိုင် မော်ဒယ်လ် Sinon နဲ့ မချို တို့ရဲ့ အထာကျကျဓာတ်ဖမ်းနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည် ဖော် ပြပေးလိုက်ပြီး အဆိုပါ ပုံရိပ်လေးတွေ ကို အောက်မှာ ကြည့်နိုင်ပါတယ်။

Source : Sinon Loresca ‘s Facebook Page