ပရိတ်သတ်ကြီးရေ…နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောနန္ဒာလှိုင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ပရိသတ်အခိုင် အမာရရှိထားသူပါ။အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ခဲ့တဲ့ သူမကခုဆိုရင်သူမချစ်တဲ့မိသားစုလေးနဲ့ ဘဝကိုအေးချမ်းစွ ာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင် အကယ်ဒမီနန္ဒာလှိုင် ကအိမ်ထောင်ပြုပြီးနောက်ပိုင်းမှာအနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ချစ်တဲ့ ပရိသတ်တွေကတော့ ခုအချိန်ထိ အားပေးဆဲပါ။

နန္ဒာလှိုင်ကတို့မိသားစုလေး ကပရိသတ်တွေအားကျချစ်ခင်ရတဲ့မိသားစု ဖြစ်သ လိုချစ်စရာကောင်းတဲ့ သမီးလေးတွေကလည်း ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားကြတာပါ။မိသားစုရဲ့ပုံရိပ်ကလေးတွေ ကိုလည်းချစ်တဲ့ ပရိသတ်တွေအ တွက်ဖော်ပြပေး လေ့ရှိပါတယ်။စီးပွားရေးလုပ်ငန်းတွေကလည်းအတော်လေးကို အခြေအနေေ ကာင်းနေပြီး အခြားလုပ်ငန်း တွေကိုပါ ချဲ့ထွင်ဖို့ ပြင်ဆင် နေတာပါနော်။အနေအေးပြီး တည်ငြိမ်သူ ဖြစ်လို့ ပရိသတ်တွေက ချစ်ခဲ့ကြပေမယ့် လက်ရှိမှာတော့ အားလုံးရဲ့ ဝေဖန်ရှုံ့ချခြင်းတွေ ကို ခံနေရပါပြီနော်။

နန္ဒာလှိုင်ရဲ့ ယောကျာ်း ဇေသီဟကလည်း နေရာတိုင်း ရောင်းဝယ်နေကြပြီး ကိုယ့်နေရာလေး ကွက်ပြီး ဒူးရင်းသီး မရောင်းရ နယ်မြေဖြစ်နေတာ မသိလိုက်ဘူးဆိုပြီး ခနဲ့တဲ့ စာသားတွေ တင်နေတာပါနော်။ ဝိုင်းဆဲတဲ့ သူတွေကိုလည်းblock ပစ်ပြီး ဒီနောက်ပိုင်းမှာတော့ comment ပိတ်ထားတာပါနော်။ တော်လှန်ရေးဝင်မပါတဲ့ အကြောင်းက လည်း၅၀၅(က) ကို ကြောက်တယ်လို့လည်း ဆိုထားပါသေးတယ်နော်။

သူတို့ကို အပြစ်ပြောနေတဲ့ အကြောင်းရင်း ကလည်း ပြည်သူချစ် အနုပညာရှင်ဖြစ်တာကြောင့် Speak out လုပ်စေချင်ကြတာပါနော်။ သုံးလလောက် အသံမထွက်ဘဲ ပျောက်နေပြီး ဒူးရင်းသီး ရာသီရောက်မှ ဆိုရှယ်မီဒီယာပေါ်ထွက်ပြီး ဈေးရောင်း တဲ့အတွက် ပိုပြီးဒေါသ ထွက်ခဲ့ကြတာ ဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်.

Credit ; Celelucky

ZAW GYI





Credit ; Celelucky