




UNICODE

အဆိုတော် အာဘွိုင်း နဲ့ မင်းသမီး ချောလေး မြတ်ရတနာကျော် တို့ ဇနီး မောင်နှံကတော့ အေးအတူ ပူအမျှ အတူ လက်တွဲခဲ့တာ ဟာဆိုရင် သမီးလေးတစ်ယောက်တောင် ထွန်းကားခဲ့ပြီ ဖြစ်ပါတယ် ။ အာဘွိုင်း က အရမ်းဂရုစိုက်ပြီး ချစ်ပေး တတ်သလို မြတ်ရတနာကျော် ကလည်း ချစ်ခင်ပွန်း အပေါ်မှာ အရာရာနားလည်ပေးနိုင်တဲ့ ဇနီး ကောင်းပီသသူဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဘွိုင်း နဲ့ မြတ်ရတနာကျော် တို့ဇနီးမောင်နှံက အရမ်းလိုက်ဖက်ပြီး ရှေ့သွား နောက်လိုက် ညီလွန်းလို့ ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၁) ရက်နေ့လေး ကတော့ အာဘွိုင်း နဲ့ မြတ်ရတနာကျော် တို့ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း (၃) နှစ်တိတိပြည့်တဲ့နေ့လေး ဖြစ်ပါတယ် ။ ဒီနေ့လေးမှာ အာဘွိုင်းက ချစ်ဇနီး မြတ်ရတနာကျော်ကို ညစာ စားဖို့ခေါ်သွားပြီး စပရိုက် အကြီးကြီးလုပ်ပေးလိုက်တာ ဖြစ်ပါတယ် ။ အာဘွိုင်းက ချစ်ဇနီးအရမ်းကြိုက်တယ် ပြောဖူးတဲ့ နားကပ်လေးတစ်ရံကို လက်ဆောင် ဝယ်ပေးပြီး ကိုရီးယားကား ထဲကလို အပြတ် ရိုပြလိုက်တာ ဖြစ်ပါတယ် ။ အာဘွိုင်းရဲ့အပြုအမူကြောင့် မြတ်ရတနာကျော် တစ်ယောက် ပျော်ရွှင်ခဲ့ရတာလည်း ဖြစ်ပါတယ် ။

မြတ်ရတနာကျော်က “ဒီနေ့ ၃ နှစ်ပြည့် Anniversary Dinner သွားစားမယ် ဆိုတော့ ကိုကိုကျော် အလုပ်တွေ ရှုပ်တဲ့ကြားက လိုက်ပို့တယ်။ ဆိုင်ရောက်တော့ ပန်းတွေ ဘာတွေ စီစဉ်ထားတော့ စိတ်ထဲမှာ ဒီလူကြီး ဒီလောက်တော့ လုပ်ပေးသေးတာပဲပေါ့ “မဆိုးသေးပါဘူး ” ပေါ့ ခဏကြာတော့ ဓါတ်ပုံ သွားရိုက်မယ် အောက်ထပ်မှာ ဆိုတော့ ဓါတ်ပုံဆရာ ဓါတ်ဖမ်းနေတုန်း kdrama ထဲက အကွက်တွေ ထလုပ်ပါလေရော တော်တော်ကြာပြီ မြတ် အရမ်းကြိုက်တယ်လို့ ပြောထားတဲ့ နားကပ်လေး အမှတ်မထင် သတိတရ ဝယ်ပြီး Surprise တိုက်လို့ ကျေးဇူးပါ သမီး ၃ယောက် ဖေဖေ Love you my hubby Happy 3rd Anniversary .Thank you Lord for the gift of marriage and blessings .December 21,2020.” ဆိုပြီး ပုံတွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ကြည်နူးအားကျချင်စရာကောင်းတဲ့ မြတ်ရတနာကျော် တို့ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: ” Our Travel Diaries” FB Page

Photo Credit -Yeminlay Photography