



unicode

မင်းသားချောလေးမြင့်မြတ် ကတော့ စိတ်ထားကောင်းမွန်သလို လူတိုင်းကိုအပြုံးလေးတွေနဲ့ ဖော်ရွေစွာပြောဆိုဆက်ဆံတတ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုသာမက အနုပညာရှင်အချင်းချင်းကပင် ခင်မင်ရတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အောင်မြင်လျက်ရှိနေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ မြင့်မြတ်ကတော့ အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ ပြည်သူချစ်မင်းသားချောတစ်ယောက်ပဲဖြစ်ပါတယ်။

အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ထားနိုင်တဲ့အထိအောင်မြင်လျက်ရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ မြင့်မြတ်ကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်ကတော့ အားလပ်တဲ့အ ချိန်လေးတွေမှာ မိသားစုလေးကိုကြင်န ာဂရုစိုက်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

မြင့်မြတ်ကတော့ ယခုမှာ ညီအစ်ကိုလိုခင်မင်ရတဲ့သူငယ်ချင်းတွေနဲ့ အတူ Covidပို းသွားစစ်ရင်း ထွက်ရှိလာတဲ့ရလဒ်လေး တွေကို ပရိသတ်တွေထံပြောပြလိုက်ပါတယ်။ မြင့်မြတ်တို့တစ်ဖွဲ့လုံး ကတော့ ကံကောင်းစွာနဲ့ NEGATIVE ထွက်ရှိခဲ့တာပဲဖြစ်ပြီး မြင့်မြတ်ကတော့ Swat ယူနေတဲ့ဗီဒီယိုဖိုင်လေးကို ချပြလာခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ရဲ့ ကိုဗစ်ပိုးစစ်ဆေး နေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Myint Myat’ s Facebook Page