UNICODE
ပရိသတ်ကြီး ရေ နာမည်ကြီး အဆိုတော် နီနီခင်ဇော် ကိုတော့ အထူးအထွေ မိတ်ဆက်ပေး စရာမလိုအောင် ချစ်ခင် ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်.။ နီနီခင်ဇော် ကတော့ သီချင်း ဆိုပြိုင်ပွဲ ကနေ စတင် ယှဉ်ပြိုင်ခဲ့ ပြီးနောက်မှာ အဆိုတော် တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေနဲ့ အတူ ပရိသတ်ေ တွရဲ့ အားပေးမှုတွေကို ရရှိ ပိုင်ဆိုင်ထားသူပဲ ဖြစ် ပါတယ်နော်.။
လက်ရှိမှာ သီချင်း ဆိုပြိုင် ပွဲတစ်ခုဖြစ်တဲ့ The Voice Myanmar ပြိုင်ပွဲမှာ ဒိုင်လူကြီး အနေနဲ့ ပါဝင်ခဲ့ပြီး သူမ ဦးဆောင်ခဲ့တဲ့ Team ထဲက ပြိုင်ပွဲဝင်တွေအတွက် အားပေး စကားလေးကို နီနီက “မြန်မာအမျိုးသမီးဆိုသည်မှာ ကျွန်မဟာမြန်မာ Pop နဲ့ R&B အဆို​​တော် အမျိုးသမီးတစ်ဦးမျှသာ…..ကျွန်မ မြန်မာသံစဉ်​ တွေ မ ဆိုတတ်ဘူး ။ တီးလည်း မတီးတတ်​ဘူး။ ဒါ​ပေမယ့် မြန်မာ့ယဉ်​ကျေးမှု နဲ့ ရိုးရာအဝတ်အစား မြန်မာ့ဂီတကိုချစ်မြတ် နိုးသူ တ​ယောက်ပါ။
ကျွန်မတို့ ရဲ့ အပြင်အဆင်​တွေ ဟာလည်း ဂုဏ်ပြုချင်တဲ့​အ​နေနဲ့ပါ ။ နိုင်ငံခြား ​ဖျော်​​​​ဖြေပွဲ ​တွေမှာလည်းဂုဏ်ယူစွာ ဝတ်ဆင်ခဲ့ရတာပါ…။ ​နောက်မျိုးဆက်​တွေကိုလည်း ယုံကြည်ရာ အနုပညာ ဘာသာရပ် ကိုကြိုးစား​စေဖို့ အား​ပေးချင်သူပါ ။ မြန်မာ့ဂီတ ကိုဝါသနာပါတဲ့ တပည့်​ကျော် ကိုလည်း ကျမလို​ခေတ်​ပေါ်ဂီတကို အတင်းအကျပ် မဆို​စေဘဲ ကျွန်မ နားမလည်​ပေမယ့် သူကျွမ်းကျင်တဲ့ ဂီတကိုသာ​ ပံ့ပိုး​ပေးချင်သူပါ။ Opera ဆိုနိုင်တဲ့ Pan ကိုလည်း ဒီ Classic လမ်းသာ ဆက်​လျှောက်​စေ ချင်ပါ တယ်… ။
အခြား Members ​တွေ​ရော​ပေါ့။ အဆိုရှင် အသစ်​တွေလည်း ကိုယ်ယုံကြည်ရာ ကိုသာ​ဆောင်ရွက်​​​စေချင်ပါတယ် (ပြိုင်ပွဲတစ်ခုရဲ့ အလွန်မှာ) ဘဝဆိုတာစ​တော့မှာပါ.။ ယုံကြည်ရာပျံသန်းနိုင်ပါ​စေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ နီနီခင်ဇော် ကတော့ သူမရဲ့ တပည့်တွေကို ပြိုင်ပွဲပြီးသွားလည်း ကျွမ်းကျင်အားသာရာ ဂီတ အမျိုးအစားနဲ့သာ လျှောက်လှမ်းဖို့ အားပေး စကားပြောခဲ့တာပဲဖြစ်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင် သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်.။
Source: Ni Ni Khin Zaw’ s Facebook