


Source: Htet Yan’s fb

UNICODE

မတ္ထီလာ သားအဆိုတော် လေး ထက်ယံ ကတော့ ဒီဖက်ခေတ် လူငယ်တိုင်း ကြိုက်နှစ်သက် အားပေးကြတဲ့ အဆိုတော် တစ်ယောက်ပါပဲ။ ထက်ယံကတော့ သီချင်း ရေးကောင်းသလို သီချင်းဆို လည်းကောင်းတာကြောင့် ပရိသတ်တွေ ရဲ့ အားပေးမှု ကို အများအပြားပိုင်ဆိုင်ထားပြီး သူ့ရဲ့ သီချင်း တွေလည်း လူငယ်တွေကြားမှာ ဘယ်တော့ မှ ရိုးမသွားတဲ့ သီချင်းတွေအဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ ထက်ယံ က အဆိုတော် တစ်ယောက်အပြင် သရုပ်ဆောင် တစ်ယောက် အဖြစ် ဇာတ်လမ်းတွဲ တစ်ခုမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့တာ ကို တွေ့ရပါတယ်။

မကြာသေး ခင်လပိုင်းက မှ “ ချစ်လိုက် ” Music Series ကို ပရိသတ်တွေ ဆီချ ပြခဲ့တဲ့ ထက်ယံ က သီချင်းတိုင်းကလည်း ပရိသတ်တွေ ရဲ့ ကြိုက်နှစ်သက်သလို MV ကလည်း အရမ်းကို စွဲဆောင်မှု ရှိတာ တွေ့ရပါတယ်။ ဒီတစ်ခါမှာ တော့ ထက်ယံ က သူနဲ့ X-box တို့ သီဆိုထား ကြတဲ့ “မင်းထက် နိဗ္ဗာန်ကိုမလိုချင်” သီချင်းလေး နဲ့ ချစ်စရာ ကောင်းအောင် Tik Tok ရိုက်ထား တဲ့ နိုင်ငံခြား သူလေး ရဲ့ ဗီဒီယို ကို အခုလိုပဲ ချပြလာခဲ့ တာကို တွေ့ရပါတယ်။

ထက်ယံ ကတော့ သူ့ရဲ့ သီချင်းလေး က အနောက်တိုင်း နိုင်ငံထိ ပါ ပေါက်ရောက်နေတာကြောင့် တော်တော်လေး ဝမ်းသာနေမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာ ကောင်းတဲ့ နိုင်ငံခြားသူလေးကို ကြည့်ပြီး ကြွေဆင်း သွားကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေး ကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Htet Yan’s fb
Bilie – Cele Connections