



unicode

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ် နေတဲ့ အခြေအနေအရပ်ရပ် ကြောင့် ပြည်သူလုထုအနေနဲ့ တတ်အားသရွေ့လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေအရှိန်အဟုန်မြင့်လာနေတာဖြစ်တဲ့ အပြင် မြန်မာပြည်သူလုထုဟာ လက်ရှိအခြေအနေ မှာဆိုရင် social media platformsအနေနဲ့ Twitterကိုပါကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာ ကြတာဖြစ်ပြီး လူထုလှုပ်ရှားမှုပုံရိပ်တွေနဲ့ ဖြိုခွင်းမှု အခြေအနေတွေကို အချိန်နဲ့အမျှတင်ပေးလာကြတာကိုတွေ့ရပါတယ်……။

ရက်ပေါင်း (၄၀)ကျော်ကြာမြင့်နေပြီဖြစ်တဲ့ လူထုလှုပ်ရှားမှုကြီး ဟာဆိုရင်ဖြိုခွင်းမှုတွေလည်း ဆက်တိုက်ကြုံတွေ့နေရတာဖြစ်ပြီးတော့ ထိခိုက်ကျဆုံးသူတွေလည်းများပြားလာနေတာဖြစ်ပါတယ်။ အခုလိုအခြေအနေ တွေနဲ့ကြုံတွေ့နေရပေမယ့် ပြည်သူလူထုဟာနည်းလမ်း အမျိုးမျိုးနဲ့ လူထုလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပါတယ်…….။

ယနေ့မတ်လ (၂၁)ရက်နေ့မှာဆိုရင်လည်း မန္တလေးမြို့မှာ ရှိတဲ့ ဆေးပညာအသိုင်းအဝန်းကကျောင်းသား တွေအပါအဝင်ပြည်သူတွေဟာ အရုဏ်တက်ချိန်မှာ လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပုံရိပ်တွေဟာဆိုရင်လည်း Twitterမှာချက်ချင်း ပျံ့နှံ့လာကာ နိုင်ငံတကာသတင်း ထောက်တွေကပါ တင်ပေးလာခဲ့ကြတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်……။

သတင်းအရင်းမြစ်: Myanmarload