ဆရာဝန္ မေလးတစ္ေယာက္ လည္းျဖစ္သလို သ႐ုပ္ေဆာင္ ၊ အဆိုေတာ္ တစ္ေယာက္လည္း ျဖစ္တဲ့ နန္းျမတ္ၿဖိဳးသင္း ကေတာ့ ပရိသတ္ေတြ ရဲ့ အားေပးခ်စ္ခင္မႈကို ရရွိထား သူေလး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္း က အခုဆိုရင္ အိမ္ေထာင္က်ၿပီး ကေလး ေမေမ တစ္ေယာက္ျဖစ္လို႔ ေနၿပီဆိုေပမယ့္ ပရိသတ္ေတြ ရဲ့ အားေပးမႈ က်ဆင္းသြားျခင္း မရွိတာကို ေတြ႕ရပါတယ္။ နန္းျမတ္ၿဖိဳးသင္း ကလည္း ကေလး တစ္ဖက္နဲ႔ပဲ ပရိသတ္ေတြ အတြက္ အႏုပညာအလုပ္ေတြကို ႀကိဳးစား လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

အခုဆိုရင္ ဒုတိယ ေျမာက္ သမီးေလး ကိုယ္ဝန္ကို လြယ္ေဆာင္ ထားရၿပီျဖစ္တဲ့ နန္းျမတ္ၿဖိဳးသင္းက သူမရဲ့ သားေလး ဂ်က္ဂ်က္ကိုလည္း ရင္အုပ္မကြာေစာင့္ေရွာက္ ေနသလို ဗိုက္ထဲက သမီးေလး ကိုလည္း က်န္းမာေအာင္ ဂ႐ုစိုက္ေနရတာပဲ ျဖစ္ပါတယ္။ ဒီက ေန႔မွာေတာ့ နန္းျမတ္ၿဖိဳးသင္းက Ultersound သြားရိုက္ရင္း ေမေမ့ ရဲ့ ဗိုက္ထဲမွာ က်န္းမာစြာ ႀကီးျပင္းေနတဲ့ သမီးေလးရဲ့ ပုံရိပ္ကို “ ဂ်ဴးဂ်ဴးေလးကိုပထမဆုံးျမင္ရတဲ့မ်က္ႏွာေလး☺️☺️☺️ ” ဆိုၿပီး ပရိသတ္ေတြပါ ၾကည့္ရႈ လို႔ရေအာင္ အခုလိုပဲ မၽွေဝေပးလာပါတယ္။

နန္းျမတ္ၿဖိဳးသင္း ရဲ့ သမီးေလး ဂ်ဴဂ်ဴးကေတာ့ ေမေမ့ရဲ့ ဗိုက္ထဲမွာ တင္ မ်က္လုံးႏွာတံေပၚေပၚ နဲ႔ ခ်စ္စရာေကာင္းေနတာ ပရိသတ္ႀကီး ေတြ႕ၾကမယ္ ထင္ပါတယ္။ နန္းျမတ္ၿဖိဳးသင္း တစ္ေယာက္ မၾကာခင္မွာ လူ႔ေလာက ထဲေရာက္ရွိလာမယ့္ သမီးေလးအတြက္ စိတ္လႈပ္ရွား ရင္ခုန္ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nann Myat Phyo Thinn ‘s fb
Bilie – Cele Connections

UNICODE

ဆရာဝန် မလေးတစ်ယောက် လည်းဖြစ်သလို သရုပ်ဆောင် ၊ အဆိုတော် တစ်ယောက်လည်း ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်း ကတော့ ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကို ရရှိထား သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်း က အခုဆိုရင် အိမ်ထောင်ကျပြီး ကလေး မေမေ တစ်ယောက်ဖြစ်လို့ နေပြီဆိုပေမယ့် ပရိသတ်တွေ ရဲ့ အားပေးမှု ကျဆင်းသွားခြင်း မရှိတာကို တွေ့ရပါတယ်။ နန်းမြတ်ဖြိုးသင်း ကလည်း ကလေး တစ်ဖက်နဲ့ပဲ ပရိသတ်တွေ အတွက် အနုပညာအလုပ်တွေကို ကြိုးစား လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ဒုတိယ မြောက် သမီးလေး ကိုယ်ဝန်ကို လွယ်ဆောင် ထားရပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက သူမရဲ့ သားလေး ဂျက်ဂျက်ကိုလည်း ရင်အုပ်မကွာစောင့်ရှောက် နေသလို ဗိုက်ထဲက သမီးလေး ကိုလည်း ကျန်းမာအောင် ဂရုစိုက်နေရတာပဲ ဖြစ်ပါတယ်။ ဒီက နေ့မှာတော့ နန်းမြတ်ဖြိုးသင်းက Ultersound သွားရိုက်ရင်း မေမေ့ ရဲ့ ဗိုက်ထဲမှာ ကျန်းမာစွာ ကြီးပြင်းနေတဲ့ သမီးလေးရဲ့ ပုံရိပ်ကို “ ဂျူးဂျူးလေးကိုပထမဆုံးမြင်ရတဲ့မျက်နှာလေး☺️☺️☺️ ” ဆိုပြီး ပရိသတ်တွေပါ ကြည့်ရှု လို့ရအောင် အခုလိုပဲ မျှဝေပေးလာပါတယ်။

နန်းမြတ်ဖြိုးသင်း ရဲ့ သမီးလေး ဂျူဂျူးကတော့ မေမေ့ရဲ့ ဗိုက်ထဲမှာ တင် မျက်လုံးနှာတံပေါ်ပေါ် နဲ့ ချစ်စရာကောင်းနေတာ ပရိသတ်ကြီး တွေ့ကြမယ် ထင်ပါတယ်။ နန်းမြတ်ဖြိုးသင်း တစ်ယောက် မကြာခင်မှာ လူ့လောက ထဲရောက်ရှိလာမယ့် သမီးလေးအတွက် စိတ်လှုပ်ရှား ရင်ခုန်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nann Myat Phyo Thinn ‘s fb
Bilie – Cele Connections