သ႐ုပ္ေဆာင္တဲ့ ေနရာမွာ လည္း သူမ တူေအာင္ ထူးခၽြန္သလို သီခ်င္းဆိုတဲ့ ေနရာမွာလည္း ႏွစ္ေယာက္ မရွိနိုင္ေအာင္ ေတာ္လြန္းတဲ့ ခ်စ္သုေဝ ကေတာ့ အပ်ိဳဘဝက တည္းကေန ဒီေန႔ဒီ အခ်ိန္ထိ ပရိသတ္ေတြရဲ့ အားေပး ခ်စ္ခင္မႈကို မေလ်ာ့စတမ္း ရရွိပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ခ်စ္သုေဝ က ဆရာဝန္ တစ္ေယာက္ပီပီ ဉာဏ္လည္း ေကာင္းၿပီး သူမ်ားထက္ ထူးခၽြန္ထက္ျမက္သူ ေလးတစ္ေယာက္ဆို လည္း မမွားပါဘူး။ လက္ရွိ ကိုဗစ္ကာလမွာ လည္း ခ်စ္သုေဝ က ပရဟိတ အလုပ္ေတြ လုပ္ကိုင္ရင္း နဲ႔ ပဲ ကိုယ့္အတြက္ ကိုယ္အက်ိဳးရွိေစမယ့္ သင္တန္းေတြ ကို အြန္လိုင္းကေန တက္ေရာက္ ေနခဲ့တာ ျဖစ္ပါတယ္။

ဒီတစ္ေခါက္ မွာ လည္း ခ်စ္သုေဝ က တစ္လ အတြင္းမွာ တင္ University of California က The Foundations of Happiness at Work, Mindfulness and Resilience to Stress at Work , Empathy and Emotional Intelligence at Work စတဲ့ သင္တန္း (၃) ခုကို အမွတ္ ေတြ အမ်ားႀကီး နဲ႔ ရရွိခဲ့တာေၾကာင့္ “ဟုတ္တယ္….. ငါလုပ္နိုင္ခဲ့ၿပီ!!!!!!! ေမေမ ထရီဇာက ဒရာမာ ေတြ အမ်ားႀကီး ၾကားမွာ ဒီဂရီေတြ နဲ႔ အစီအစဥ္ ကို ၿပီးဆုံးခဲ့ၿပီ… yahoo ” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာ မွာ ဝမ္းသာ အားရေျပာလာပါတယ္။

ခ်စ္သုေဝ ကေတာ့ သမီး ႏွစ္ေယာက္ နဲ႔ အလုပ္ ေတြ ၾကားထဲက သင္တန္း ေတြကို ႀကိဳးစား ပန္းစား တက္ရင္း သင္တန္း ဆင္းေအာင္ လက္မွတ္ေတြ အမ်ားႀကီးကို ရရွိခဲ့တာ ေလးစား စရာပါပဲေနာ္။ ပရိသတ္ႀကီးလည္း ခ်စ္သုေဝ ကို ေလးစားၿပီး ရင္းေလးစားေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံး လည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chit Thu Wai’s fb
Bilie – Cele Connections

UNICODE

သရုပ်ဆောင်တဲ့ နေရာမှာ လည်း သူမ တူအောင် ထူးချွန်သလို သီချင်းဆိုတဲ့ နေရာမှာလည်း နှစ်ယောက် မရှိနိုင်အောင် တော်လွန်းတဲ့ ချစ်သုဝေ ကတော့ အပျိုဘဝက တည်းကနေ ဒီနေ့ဒီ အချိန်ထိ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို မလျော့စတမ်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ချစ်သုဝေ က ဆရာဝန် တစ်ယောက်ပီပီ ဉာဏ်လည်း ကောင်းပြီး သူများထက် ထူးချွန်ထက်မြက်သူ လေးတစ်ယောက်ဆို လည်း မမှားပါဘူး။ လက်ရှိ ကိုဗစ်ကာလမှာ လည်း ချစ်သုဝေ က ပရဟိတ အလုပ်တွေ လုပ်ကိုင်ရင်း နဲ့ ပဲ ကိုယ့်အတွက် ကိုယ်အကျိုးရှိစေမယ့် သင်တန်းတွေ ကို အွန်လိုင်းကနေ တက်ရောက် နေခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခေါက် မှာ လည်း ချစ်သုဝေ က တစ်လ အတွင်းမှာ တင် University of California က The Foundations of Happiness at Work, Mindfulness and Resilience to Stress at Work , Empathy and Emotional Intelligence at Work စတဲ့ သင်တန်း (၃) ခုကို အမှတ် တွေ အများကြီး နဲ့ ရရှိခဲ့တာကြောင့် “ဟုတ်တယ်….. ငါလုပ်နိုင်ခဲ့ပြီ!!!!!!! မေမေ ထရီဇာက ဒရာမာ တွေ အများကြီး ကြားမှာ ဒီဂရီတွေ နဲ့ အစီအစဉ် ကို ပြီးဆုံးခဲ့ပြီ… yahoo ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ ဝမ်းသာ အားရပြောလာပါတယ်။

ချစ်သုဝေ ကတော့ သမီး နှစ်ယောက် နဲ့ အလုပ် တွေ ကြားထဲက သင်တန်း တွေကို ကြိုးစား ပန်းစား တက်ရင်း သင်တန်း ဆင်းအောင် လက်မှတ်တွေ အများကြီးကို ရရှိခဲ့တာ လေးစား စရာပါပဲနော်။ ပရိသတ်ကြီးလည်း ချစ်သုဝေ ကို လေးစားပြီး ရင်းလေးစားနေကြမယ် ထင်ပါတယ်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး လည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections