


CRD…..

UNICODE

ပရိသတ်ကြီးရေ Myanmar Idol season (4) ရဲ့ Top(3) finalists တစ်ယောက် ဖြစ်တဲ့ ချင်း တိုင်းရင်းသားလေး အဆိုတော် ဘင်ဂျမင် ကတော့ သီချင်းတွေကို အကောင်းဆုံး သီဆိုနိုင်သူ တစ်ယောက်ပါ ။ ငယ်ရွယ် တဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် အနုပညာ အရည်အချင်း ပြည့်ဝသူ ဖြစ်တဲ့အတွက် ပရိသတ်အများစုရဲ့ အားပေးဝန်းရံမှု ကို ရရှိခဲ့တာလည်းဖြစ်ပါတယ် ။

ဘင်ဂျမင် က အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေမှာ လည်း လူငယ် တစ်ယောက်ပီပီ စိတ်ရော ကိုယ်ပါ နှစ်ပြီး ပါဝင် အားဖြည့်နေသလို စစ်ဘေးရှောင်ပြည်သူတွေအတွက်ပါ တတ်နိုင် သရွေ့ ကူညီပေးနေတာပါ။ မကြာခင်ကမှ ဘင်ဂျမင် က ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ဆေးကုသမှု ခံယူရင်း ပြန်လည် ပျောက်ကင်း ခဲ့တာလည်း ဖြစ်ပါတယ် ။ဒီလိုပျောက်ကင်းအောင် ကုသခဲ့ စဉ်က အတွေ့အကြုံတွေကိုလည်း ပရိသတ်တွေ အတွက် ဗဟုသုတရစေရန် ဝေမျှခဲ့ပါသေးတယ်။

အခုလည်း မကြာခင် နာရီပိုင်းလောက် ကလည်း You Tube က သူရဲ့အကောင့်မှာ Subscriber တစ်သိန်း ပြည့်ခဲ့တာကြောင့် YouTube Silver Button ရရှိခဲ့ကြောင်း ဝမ်းပန်း တသာ ပရိသတ် တွေကို အသိပေး ပြောကြားထာ တာတွေ့ရပါတယ် ။ ပရိသတ်ကြီးအတွက် Benjamin ရဲ့ YouTube Silver Button ရရှိခဲ့တဲ့ သတင်းလေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီတိုင်းကို လည်း ကျေးဇူးအထူးတင်ရှိပါတယ်။

CRD…..